မုဒုံ ဇူလိုင် ၁၈
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ယနေ့ နံနက်ပိုင်းကစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ မြို့မ (၄)ရပ်ကွက်ရှိ အုတ်ကျင်းရပ်နှင့် မြေနိမ့်ပိုင်းနေရာများ၌ လူနေအိမ်များအတွင်း ရေများဝင်ရောက်လျက်ရှိသည်။
အဆိုပါနေရာများတွင် တောင်ကျရေများစီးဆင်းမှုကြောင့် လမ်းအချို့နှင့် လူနေအိမ်များအတွင်းသို့ ရေအမြင့် သုံးပေခန့်ဝင်ရောက်ကာ ပြောင်းရွှေ့ရန်လိုအပ်သည့် လူနေအိမ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူများပူးပေါင်းကာ ဘေးလွတ်ရာနေရာသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)