မုဒုံ ၃၀ ဧပြီ
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ထိုင်းငံမှပြန်လည်ဝင်ရောက်လာမည့် နေရပ်ပြန်ပြည်သူများအား ၂၁ ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ပိုးသတ်ဆေးဖျန်းခြင်းနှင့် လိုက်နာရမည့် စည်းကမ်းချက်ပိုစတာများ တပ်ဆင်ခြင်း ဆောင်ရွက်မှုများကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုများကို မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ဦး ဦးဆောင်ပြီး သဘာဝဘေးအန္တရာယ်နှင့် စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲ၊ မြန်မာ့လူငယ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် မေတ္တာစံအိမ်အသင်းတို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


