မုဒုံ နိုဝင်ဘာ ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့၌ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပေးအပ်ပွဲကို နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက ကလော့သော့ကျေးရွာအုပ်စု ဓမ္မာရုံ၌ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကလော့သော့ကျေးရွာအုပ်စု အပါအဝင် ကျေးရွာအုပ်စု ၁၀ အုပ်စုမှ ပြည်သူ ၁၀၃၃ ဦးအတွက် နိုင်ငံသား စိစစ်ရေးကတ်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။ မုဒုံမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၁ အုပ်စုမှ ဒေသခံပြည်သူ ၅၀၀၀ ကျော်ကို ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသေးသော ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများကိုလည်း သတ်မှတ်ကာလအထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


