မုဒုံ စက်တင်ဘာ ၁၄
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးအောင်မော် ဦးဆောင်ကြီးကြပ်၍ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက် မြို့မ(၁)၊ မြို့မ(၂) ရပ်ကွက်အတွင်းရှိ ပြည်သူများအိမ်ထောင်စုလူဦးရေ စာရင်းစိစစ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အဆိုပါရုံးတွင် ပြုလုပ်ပေးသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မုဒုံမြို့နယ်ရုံးရှိ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် မြို့မ(၁)နှင့် မြို့မ(၂)ရပ်ကွက်အတွင်း အိမ်ထောင်စုဝင်များ လူဦးရေစုစုပေါင်း ၃၉ ဦးအား အိမ်ထောင်စု လူဦးရေများ စိစစ်ပေးခြင်း၊ မှတ်ပုံတင်လဲလှယ်ပေးခြင်း၊ ပျောက်ဆုံး/ ပျတ်စီးသူများကို မိတ္တူပြုလုပ်ပေးခြင်း၊ ကျန်ရှိမှုမရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ပြုလုပ်ပေးလျက်ရှိသည်။ အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မုဒုံမြို့နယ်အတွင်းရှိ လူဦးရေ အသက် ၁၈ နှစ်အောက် ၂၂၃ ဦး၊ အသက် ၁၈ နှစ်အထက် ၁၈၃၀ ဦး စုစု ပေါင်း ၂၀၅၃ ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေးပြီး မြို့နယ်အတွင်း ကျန်ရှိနေသည့် ရပ်ကွက်/ကျေးရွာအုပ်စုများတို့တွင်လည်း ဆက်လက်ပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


