မုဒုံ မေ ၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ဘဲရမ်းကျေးရွာရှိ ရွှေမြန်မာရော်ဘာမှိုင်းခံရုံတွင် ယနေ့နံနက် ၆ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါရော်ဘာရုံအတွင်းရှိ အလျား ၁၅၈ ပေ၊ အနံ ၆ ပေ၊ အမြင့် ၄ ပေရှိ ရော်ဘာမှိုင်းခံလိုင်းအတွင်း မှိုင်းခံစဉ်ရော်ဘာများအား မီးစွဲလောင်ရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်ရာနေရာသို့ မုဒုံမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များနှင့် စက်ရုံရှိ ပြည်သူများ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြရာ နံနက် ၈ နာရီအချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၉ နာရီ မိနစ် ၂၀ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် ရော်ဘာပေါင်(၁၀၀၀)ခန့် ဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုမရှိကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ စက်ရုံမှ တာဝန်ရှိသူအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)