မုဒုံ    ဇွန်     ၂၈

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် အရေးပေါ်လူနာများ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုကာကွယ်နိုင်စေရန် ယနေ့ နံနက် ၁၀ နာရီက မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ပြင်ပလူနာဌာနတွင် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ စနစ်တကျဝတ်ဆင်နိုင်ရန် လက်တွေ့သရုပ်ပြသင်ကြားခဲ့သည်။

ထိုသို့ သင်ကြားရာတွင် မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးကြီးကြပ်-၂ ဒေါ်ဇင်မေဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့မှူး ဒေါက်တာကျော်စိုးမိုးတို့က မြို့နယ်အတွင်းရှိ   အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် လူမှုကယ်ဆယ်ရေးအသင်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ(၃၀) တို့ကို Power Point ဖြင့် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ စနစ်တကျဝတ်ဆင်နည်း ပြသရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြဝတ်ဆင်၍ သင်ကြားပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)

mdn