မုဒုံ    ၁၂   မေ

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းသို့ ထိုင်းနိုင်ငံ၊ မြဝတီ-မဲဆောက်မှ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို မေ ၁ ရက်နေ့ကစပြီး လက်ခံခဲ့ရာယနေ့ မေ ၁၂ ရက်နေ့ နံနက်ပိုင်းထိ ၁၃ ဦး ပြန်လည်ဝင်ရောက်ကြောင်း သိရှိရသည်။

 

ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားလိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် မုဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ အရေးပေါ်ကယ်ဆယ်ရေး ပရဟိတအသင်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတို့က ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယနေ့ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး ရှိပြီး အဆိုပါ သွားလာကန့်သတ်စောင့်ကြည့်ရေးစခန်း အ.ထ.က(၃) မုဒုံကျောင်းတွင် အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၃၃ ဦး စုစုပေါင်း ၅၉ ဦးရှိကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)