မုဒုံ မတ် ၁၄

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ဘလောက်ညောင်ဝိုင်းကျေးရွာတွင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးစီမံကိန်း ဒေသများအတွက် ဆောင်ရွက်လျက်ရှိသည့် ဆိုလာရေတင်စနစ် တပ်ဆင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းကို မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ်၂၀ ဒသမ ၄၁၇ သန်း ဖြင့် ICTS (Myanmar) ကုမ္ပဏီမှ 5 Hp AC Surface (Pump + 7.5 kw Inverter+ 9.9 kw) Solar (Rain Gun) with Mobile Trailer ဆိုလာရေတင်စနစ်ကို  တာဝန်ယူဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ပြီစီးပြီးဖြစ်သောကြောင့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိကာ ဆီထွက်သီးနှံနေကြာ စိုက်ဧက ၅၀ စိုက်ပျိုးနိုင်ခဲ့သည့်အပြင် အခြာ သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများအတွက်လည်း များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် စက်သုံးဆီဖိုးသက်သာပြီး အချိန်မရွေး ရေသွင်းစိုက်ပျိုးနိုင်ခြင်း၊ စိုက်ပျိုးရေဖိုး ကုန်ကျစရိတ် လျော့နည်းသည့် အတွက် တောင်သူများ အမြတ်အစွန်းပိုမိုရရှိ၍ အခြားရာသီပေါ်သီးနှံများ ပိုမိုစိုက်ပျိုးလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)