မုဒုံ၊    ၁၂      ဇွန်

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့တွင် ပတ်ဝန်းကျင်သာယာလှပ စိမ်းလန်း စိုပြည်စေရန်  မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကို ဇွန် ၁၁ ရက် နံနက်ပိုင်းက အလယ် တန်းကျောင်းဆောက်လုပ်မည့် မြေနေရာတောင်ဘက်ခြမ်း လမ်းဘေးဝဲယာတစ်လျှောက် တွင် ကျင်းပခဲ့သည်။

 

သစ်ပင်စိုက်ပွဲ အခမ်းအနားကို ကမာဝက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မုဒုံမြို့နယ် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍  ကျွန်းပင် ၅၀၊ စိန်တံခြူပင် ၅၀၊ သင်္ကန်း ၃၅ ပင်၊ စိန်ပန်းကြီးပင် ၃၀၊ စိန်ပန်းငယ်ပင် ၂၀၊ မဟော်ဂနီ၂၅ ပင်၊ မန်ဂျန်ရှားပင် ၅၀၊ အော်ရေရှားပင် ၅၀ စုစုပေါင်းအပင် ၃၁၀ကို မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မုဒုံမြို့နယ်တပ်ရင်းမှူး၊ ကမာဝက်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ    မြို့အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)