မုဒုံ၊ ၁၁ ဇွန်
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့တွင် ငါးသယံဇာတတိုးပွားရေးနှင့်ဒေသတွင်း ငါးရိက္ခာဖူလုံစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉နာရီက ကမာဝက်မြို့ ငါးရံ့မင်းကန် အတွင်းသို့ ငါးသားဖောက်ကောင်ရေ (၂၀၀၀၀)အား မျိုးစိုက်ထည့်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင်နိုင်ဝင်းနှင့်ဝန်ထမ်းများ၊ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တို့ကတက်ရောက်ကြပြီးသထုံငါးပေါက်စခန်းမှ နှစ်လက်မနှင့်အထက်အရွယ်အစားရှိသည့် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ(၂၀၀၀၀)အား အဆိုပါကန်အတွင်းသို့ မျိုးစိုက်ထည့်ခဲ့သည်။
မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ခရိုင်အတွင်း ငါးမျိုးစိုက်ထည့်ရန် လျာထားချက်အကောင်ရေ(၉ ဒသမ ၉၅)သိန်းအပေါ် ၂၀၂၁ခုနှစ် ဇွန်လအထိ သဘာဝမြစ်ချောင်း၊ ဆည်၊ကန်များအတွင်းသို့ ငါးမြစ်ချင်း၊ရွှေဝါငါးကြင်း သားပေါက် ကောင်ရေ (၅၆၀၀၀၀)အား နေရာ(၈)နေရာ၌ ငါးမျိုးစိုက်ထည့်ခဲ့ပြီးဖြစ်ကြောင်း မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


