မုဒုံ နိုဝင်ဘာ ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ကွမ်တာကျေးရွာ၌ ပေါ်ဆန်ရင် စပါးမျိုးစေ့ထုတ် မိုးစပါး စံကွတ် ဧက ၁၀၀ ရိတ်သိမ်းခြင်းကို နိုဝင်ဘာ ၁၂ ရက်က အဆိုပါ ကျေးရွာရှိ ကွင်းအမှတ်(၈၃၁) တောင်သူ ဦးစိန်ဝင်း ပိုင်ဆိုင်သည့် လယ်ယာမြေ၌ ရိတ်သိမ်းခဲ့သည်။
အဆိုပါ ရိတ်သိမ်းပွဲသို့ မုဒုံမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးခင်မောင်ဌေး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်နှင့် ဝန်ထမ်းများ တက်ရောက်ကြပြီ မိုးဦးကာလ စိုက်ပျိုးခဲ့သည့် ပေါ်ဆန်ရင်စပါးမျိုးအား တောင်သူများနှင့်အတူ ရိတ်သိမ်းခဲ့ကြောင်း စပါးတစ်ဧကလျှင်၇၅ တင်းထွက်ရှိကြောင်း သိရှိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


