မုဒုံ ၂၀ ဇန်နဝါရီ
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ယနေ့နံနက်(၆)နာရီခွဲ ခန့်က မြို့မ(၄)ရပ်ကွက်၊ ကန်ကြီးရေကန်၊ ကန်ပတ်လမ်းတွင် Wish (အနက်ရောင်)ယာဉ် သည် ကားကွေ့ရာမှ ဘရိတ်နှင့် လီဗာမှားနင်းမိ၍ ကန်ကြီးရေကန်ထဲသို့ နောက်ပြန် ထိုးကျသွားကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်ပွားရာနေရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင် မုဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီ ၁၀ မိနစ်တွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)