မုဒုံ စက်တင်ဘာ ၂၂
မွန်ပြည်နယ် မုဒုံမြို့နယ် မြန့်မာ့စီးပွာရေးဘဏ်ခွဲတွင် ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့ နံနက် (၈) နာရီခန့်က စတင် ထုတ်ပေးလျက်ရှိသည်။
အဆိုပါ ပင်စင်လစာငွေများ ထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် စက်တင်ဘာ (၂၁)ရက်မှ (၂၉)ရက်အထိ မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့စဉ် နံနက် (၈)နာရီ မှ ညနေ (၃) နာရီအထိ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး စည်ကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိသည်။
ထို့ပြင် ဘဏ်လာရောက်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်လာခြင်း၊ အသက်ကြီးသူများတို့ကို ဦးစားပေးခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် ကြိုတင်မေတ္တာရပ်ခံ ပန်ကြားထားကြောင်း၊ သတ်မှတ်ရက်များ၌ လာရောက်မထုတ်ယူနိုင်သော ပင်စင်စားများအား အောက်တိုဘာ လဆန်ပိုင်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း လာရောက်ထုတ်ယူနိုင်ပြီး မုဒုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လာရောက်ထုတ်ယူသူ (၂၇၈၀) ရှိကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)