mdn

မုဒုံ       ဇူလိုင် ၂၆ 


 မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင်   မိုးသည်းထန်စွာ ရွာသွန်း ပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာ၊ မော်လမြိုင်-သံဖြူ ဇရပ်ကားလမ်း၊ မိုင်တိုင်အမှတ် (၃၅/၁)နှင့် (၃၅/၂)အကြား၌ ကားလမ်းပေါ်သို့  ရေအမြင့် (၃)ပေခန့်  ယနေ့နံနက် (၁၀)နာရီက      ရေကျော်လျက်ရှိ ကြောင်း သိရသည်။
 
အဆိုပါနေရာ၌ ကားလမ်းပေါ်သို့ ရေအမြင့် (၃)ပေခန့် ရေကျော်လျက်ရှိသဖြင့် ဘေးအန္တရာယ်ဖြစ်မည်ကို စိုးရိမ်ရသည့်အတွက် မည်သည့်မော်တော်ယာဉ်ကိုမျှ ဖြတ် သန်းသွားလာခွင့်မပြုတော့ဘဲကားလမ်းအား ယာယီပိတ်ထားလိုက်ကြောင်း၊ ကုန်တင် မော်တော်ယာဉ်/ယာဉ်ကြီးများ၊  အိမ်စီးမော်တော်ယာဉ်နှင့်    မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွားလာခြင်းမပြုနိုင်တော့သဖြင့်ကားလမ်းပေါ်မှ ရေပြန်ကျမည့်အခြေအ နေကို စောင့်ဆိုင်းလျက်ရှိကြောင်း  သိရသည်။

ကားလမ်းရေကျော်သည့်နေရာ၌   နယ်မြေခံ တပ်မတော်သားများ၊ မုဒုံမြို့နယ်၊ ကမာ ဝက်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ နှီးပဒေါကျေးရွာ စီမံ အုပ်ချုပ်ရေး အဖွဲ့မှူး ဦးမန်းနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ကျေးရွာနေ ပြည်သူများ အပါအဝင် ၅၀  ခန့်သည် ခရီးသွားပြည်သူများအား အန္တရာယ်ကင်း ရှင်းရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)