မုဒုံ စက်တင်ဘာ  ၁

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ် နှီးပဒေါကျေးရွာအုပ်စု ရွာသစ်ပိုင်းတွင် သြဂုတ် ၃၀ ရက်က မီးဘေးသင့်ခဲ့သော အိမ်ထောင်စုတစ်စုအတွက် မုဒုံမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများက ဩဂုတ် ၃၁ ရက် ညနေပိုင်းက ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိ ယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်နှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်အောင်နှင့် ဝန်ထမ်းများတို့က အိမ်ထောင်စုတစ်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်(၂)သိန်း၊ ဆန်ဖိုး​ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း ပစ္စည်း(၁၆)မျိုး၊ စုစုပေါင်းငွေကျပ် (၂ဝ၈၄၀၀) ကိုလည်ကောင်း၊ မုဒုံမြို့နယ်ကြက်ခြေနီအသင်းမှ အိမ်ထောင်စုတစ်စုအတွက်  မိသားစုသုံးပစ္စည်း၊   အိမ်ဆောက်ပစ္စည်းတစ်စုံ၊ တစ်ကိုယ်ရည်သန့်ရှင်ရေးသုံးပစ္စည်း တစ်လစာတစ်စုံနှင့် အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်း တစ်လစာတို့ကို တာဝန်ရှိသူများတို့မှ သွားရောက်ထောက်ပံ့  ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)