မုဒုံ ၂၄ နိုဝင်ဘာ
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ဆောက်လုပ်လျက်ရှိသည့် ကျောက်ကပ်ဆေးဌာန အဆောက်အဦ ဆောက်လုပ်ရန်အတွက် အလှူငွေ ကျပ်သိန်း(၁၀၀) ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ဆေးရုံအတွင်းရှိ ပြင်ပလူနာဆောင်သစ်တွင် ပြုလုပ်ကြောင်း သိရသည်။
အဆိုပါ ကျောက်ကပ်ဆေးဌာနသစ်အဆောက်အဦ RC(၂)ထပ် အဆောက်အဦကို နိုဝင်ဘာလ (၁၈)ရက်နေ့တွင် အဆောက်အဦပန္နက်တင်ခဲ့ပြီး မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက်ရှိ ဦးစံညွန့်+ဒေါ်စုစု (စံတော်ဦး) အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးမိသားစုမှ အလှူငွေကျပ်သိန်း(၁၀၀)ကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာမြင့်သိန်းဦးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့မိ/မြို့ဖများတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


