မုဒုံ ၁၄ ဇွန်
မုဒုံမြို့နယ် သမဝါယမအသင်းစုလီမိတက်သည် သမဝါယမကဏ္ဍ၏ စီးပွားရေးလုပ်ငန်းများဖြစ်သော ကုန်ထုတ်ကုန်သွယ်ဝန်ဆောင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အသင်း၏ စီးပွားရေးလုပ်ငန်းခွဲတစ်ရပ် အနေဖြင့် မုဒုံမြို့အဝင် သမဝါယမအသင်းစုပိုင် ဥယျာဉ်ခြံမြေများပေါ်တွင် သစ်သီးဝလံပန်းမာန်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ပျိုးပင်များကိုလည်း ဥယျာဉ်ခြံတွင်သာမက မုဒုံမြို့နယ်အတွင်းရှိ စျေးများတွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ ရောင်းတန်းဝင်ခြံထွက်ဂန္ဓမာပန်းများ (ဒေသအခေါ် မိသားစုပန်း)များသည် လူကြိုက်များ၍ မုဒုံမြို့နယ်သမဝါယမအသင်းစုလီမိတက်မှာ အဆင်ပြေဝင်ငွေတိုးလျက် ရှိကြောင်း သိရှိရသည်။
MDN


