မုဒုံ အောက်တိုဘာ ၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက မုဒုံမြို့နယ် ထုံမံကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးရာတွင် ထုံမံကျေးရွာ၌ ပြည်သူ ၇၅ ဦးအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးသည်။
မုဒုံမြို့နယ်တွင် လူဦးရေ ၂၂၂၄၈ ဦး ပြုလုပ်ဆောင်ရွက်ပေးရန် လျာထားကြောင်း၊ ယနေ့အထိ ပြည်သူ ၃၀၀၀ ကျော်ကို ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)