မုဒုံ နိုဝင်ဘာ ၁၇
၂၀၂၂ ခုနှစ် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မွန်ပြည်နယ် မုဒုံမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းသား ကျောင်းသူများက ပြည်မြန်မာတေးသီချင်းဖြင့် သီဆို၍ အခမ်းအနား ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှပေးပို့သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးပြည်သိမ်းက ရှင်းလင်းဖတ်ကြားသည်။
ဆက်လက်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျင်းပသည့် (အထက်တန်း၊ အလယ်တန်း)အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့်သီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ သည်။
ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမ်းအနား တက်ရောက်လာသူများကို (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေ ပေးခဲ့ကြပြီး အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံများနှင့် ဆုရစာစီစာကုံး၊ ကဗျာစာမူများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)