မုဒုံ ဖေဖော်ဝါရီ ၁၀
မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဦးဆောင်၍ မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာနှင့် မြို့မ(၄) ရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါးပြီး သဘာဝဘေးကျရောက်လျှင် ကြံ့ခိုင်မှုမရှိသော နေအိမ်များအား အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများကို ယမန်နေ့က ကတုံးပေါ်ကျေးရွာ၌ စတင်ပြုလုပ်ပေးသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဦးဆောင်၍ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့စေတနာရှင် လုပ်အားပေးများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံနှင့် မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက် ကိုးရပ်ကွက်၊ ကျေးရွာခုနစ်ရွာမှ အိမ်ခြေ ၁၆၀၀ ကျော်ကို လေပြင်းဒဏ်ခံ ကြံ့ခိုင်စွမ်းအားရှိစေရန် အိုးအိမ်များကို အားဖြည့်ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရာမည(ပြန်/ဆက်)


