မုဒုံ ဇူလိုင် ၁၀
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု များပြားလာသဖြင့် အသိပညာပေးနှိုးဆော်မှုအား မြို့ပေါ် ရပ်ကွက်/ကျေးရွာများတွင် ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် အသိပညာပေးလုပ်ငန်းများကို အသံချဲ့စက်ဖြင့် နေ့/ည မပြတ် လိုက်လံနှိုးဆော်ခြင်း၊ ရပ်ကွက်/ကျေးရွာများတွင် ဗီနိုင်းပိုစတာများ လိုက်လံ ချိတ်ဆွဲခြင်း၊ စျေးများ၌ နှားခေါင်းစည်းမဖြစ်မနေ တပ်ဆင်စေခြင်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုခြင်းများ စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ဇူလိုင် ၉ ရက်အထိ စုစုပေါင်း ၇၂ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရှိသူ တစ်ဦးရှိကာ သေးဆုံးသူမရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


