မုဒုံ ၊ ၂၇  ဇန်နဝါရီ     
    
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း ကို ဇန်နဝါရီ ၂၇ ရက် နံနက် ၈ နာရီက မုဒုံမြို့နယ် ပြည်သူ့ဆေးရုံဝင်း အတွင်း၌ စတင်ထိုးနှံ ပေးသည်။

မုဒုံမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၃ အုပ်စုရှိပြီး မြို့နယ်အတွင်း  တာဝန် ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် တိုင်းရင်းဆေး ဝန်ထမ်းများ၊ မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ဝန်ထမ်းများ စုစုပေါင်း ၁၉၀ ခန့်ကို ပထမအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)