မုဒုံ ၁၇ ဇူလိုင်    

 

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၇၅၇၁၂ ကျော်ရှိပြီး မဲရုံးပေါင်း (၁၀၀) ဖွင့်လှစ်ရန် လျာထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

 

မွန်ပြည်နယ် မုဒုံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှဝင်းက အမှာစကားပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးမှ မဲဆန္ဒနယ် သတ်မှတ်ကြေညာချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

မုဒုံမြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာ(၄၂)တွင် မဲရုံပေါင်း (၁၀၀)ဖွင့်လှစ်၍ မဲပေးပိုင်ခွင့်ရှိသူ ကျား (၈၄၂၃၁)ဦး၊ မ (၉၁၄၈၁) ဦး စုစုပေါင်း (၁၇၅၇၁၂)ဦးရှိပြီး မဲဆန္ဒနယ်(၁)တွင် မဲရုံ (၅၀)၊ မဲဆန္ဒနယ် (၂)တွင် မဲရုံ(၅၀) လျာထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)