မုဒုံ     မေ     ၆

 

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အပါအဝင် အခြားမျိုးကွဲသစ်ရောဂါများ ကြိုတင် ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုကို  ယနေ့ နံနက်ပိုင်းက ရွှေဟင်္သာစျေးရှေ့၌ ပြုလုပ်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးပြည်သိမ်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ လမ်းသွား လမ်းလာများ၊ ဈေးရောင်း/ဈေးဝယ် ပြည်သူများအား  မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါမဖြစ်ပွား စေရေး၊ ခရီးသွားပြည်သူများ ကူးစက်ပြန့်ပွားမှုမရှိစေရေး၊ နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရေး၊ ထပ်ဆောင်ကာကွယ်ဆေးများ ထိုးနှံရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်တို့ကို အသိပညာပေးကာ နှာခေါင်းစည်း အခုရေ (၂၀၀၀) အား လိုက်လံဝေငှခဲ့ကြောင်း သိရသည်။

သားငယ် (မြို့နယ် ပြန်/ဆက်)