မုဒုံ ၊ ၂၀ ဇန်နဝါရီ
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ဇန်နဝါရီ ၂၀ ရက် နံနက် ၁၀ နာရီက တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲကို ပြုလုပ်သည်။
အခမ်းအနားတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးစန္ဒာထွန်းက ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မုဒုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဖြူသိမ့်သိမ့်ချောက မြန်မာ့တိုင်းရင်း ဆေးပညာအကြောင်း၊ မုဒုံမြို့နယ် တိုင်းရင်းဆေးကုဌာနတွင် ကုသမှုအများဆုံးရောဂါများအကြောင်း ဆွေးနွေးခဲ့ကြသည်။
အောင်မျိုးသူ(ပြန်/ဆက်)


