မုဒုံ   နိုဝင်ဘာ   ၁၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကန်ကြီးစေတီတော်တွင် (၅၉)ကြိမ်မြောက် မသိုးသင်္ကန်းတော် ရက်လုပ်ကပ်လှူပူဇော်ပွဲကို နိုဝင်ဘာ ၁၈ ရက် ည ၇ နာရီက ပြုလုပ်ခဲ့သည်။

မသိုးသင်္ကန်းတော်မြတ် ကပ်လှူပူဇော်ရာတွင် မြို့နယ်အတွင်းရှိ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ မုဒုံမြို့နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့် အဖွဲ့ဝင်များ၊ ကန်ကြီးစေတီတော် ဂေါပကအဖွဲ့ဝင်များနှင့် ပြည်သူများက မသိုးသင်္ကန်းတော်မြတ်ကို ကန်ကြီးစေတီတော်၊ ကန်ကလေးစေတီတော်၊ သဘောင်ဦးစေတီတော်၊ ကျိုက်ကမော့လေးတောင်ပေါ်ဘုရား၊ နော်တော်ကြီးစေတီ၊ ဘင်လှိုင်ဘုရားနှင့် ဆုတောင်းပြည့်စေတီတော်တို့တွင် သွားရောက်ကပ်လှူ ပူဇော်ခဲ့ကြကြောင်း သိရှိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)