မုဒုံ ၉ ဇူလိုင်
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အခြေခံပညာကျောင်းများ အားလုံးဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိမှုများကို ဇူလိုင်လ (၆)ရက်နေ့မှ စ၍ (၁၇)ရက်နေ့ထိ ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ကြည်၊ ဦးအောင်နိုင်ဦး (လက်/ထောက်)၊ ဒေါ်ကျင်ရီ (လက်/ထောက်)၊ ခရိုင်ပညာရေးမှူးရုံးမှ ဒေါ်စန်းစန်းဌေး (လက်/ထောက်)၊ မြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းနှင့် တာဝန်ရှိသူတို့က အဖွဲ့(၃)ဖွဲ့ခွဲ၍ လိုက်လံစစ်ဆေးလျက်ရှိသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆရာ၊ဆရာမများ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျောင်းတက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက် ထားရှိမှုများ၊ ကျောင်းအပ်နှံရေး လုပ်ငန်းစီမံချက်များနှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ် ဆောင်ရွက်သွားမည့်အစီအမံများ၊ မိဘကျောင်းသားများ လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များကို သိရှိစေရန် ကြေညာချက်များကို လိုက်လံကြည့်ရှုစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မုဒုံမြို့နယ်အနေဖြင့် အ.ထ.က(၈)ကျောင်း၊အ.ထ.က(ခွဲ) (၆)ကျောင်း၊ အ.လ.က(၂)ကျောင်း၊အ.လ.က(ခွဲ) (၆)ကျောင်း၊ မူလတန်းလွန် (၁၇)ကျောင်း၊ အ.မ.က(၆၄)ကျောင်းနှင့် ဘ.က (၃)ကျောင်း တို့ကို လိုက်လံကြည့်ရှု စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


