မုဒုံ ၂၁ ဧပြီ
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီ၏ လမ်းညွှန်ချက်ဖြင့် မုဒုံမြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် မုဒုံမြို့နယ်ဆရာဝန်အသင်းတို့ ပူပေါင်း၍ Fever Clinic (အဖျာရောဂါ ကုသမှုဆေးခန်း)ကို အ.လ.က (သင်္ဘောဦး)ကျောင်း၌ ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“မုဒုံမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုယ်ပူခြင်း၊ချောင်းဆိုးခြင်း၊ရင် ကျပ်ခြင်း၊ လည်ချောင်း နာခြင်း ခံစားနေရသူများ လာရောက်ပြသနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ထားပါသည်” ဟု မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာမြင့်သိန်းဦးက ပြောသည်။
အဆိုပါ Fever Clinic(အဖျားရောဂါကုသဆေးခန်း)ကို ဧပြီလ ၂၃ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ Volunteer ဆရာဝန်(၁၀)ဦးက ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)