မုဒုံမြို့နယ်တွင် ဆီဘောက်ဆာကားတစ်စီး တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွား

မုဒုံ ၂၉ ဒီဇင်ဘာ

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်လှုံ-လက်တက်ကျေးရွာအနီး မိုင်တိုင်အမှတ် (၂၄/)နှင့်(၂၄/)ကြားတွင် ယနေ့နံနက်ပိုင်းက ဆီဘောက်ဆာကားတစ်စီး တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

ပ်ျ

 

ဖြစ်စဉ်မှာ မော်လမြိုင်မြို့ဘက်မှ သံဖြူဇရပ်မြို့ဘက်သို့ ယာဉ်မောင်းဇေယျာအောင်(၃၆)နှစ် မောင်းနှင်လာသည့် ယာဉ်အမှတ်(YGN 5P/xxxx NISSAN TRUCK) အမျိုးအစား၊ ဂါလံ(၇၅၀၀) ဆံ့ ဆီဘောက်ဆာယာဉ် သည် လမ်းဘေးရှိ ဓာတ်တိုင်အား ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရှိမှုမရှိဘဲ မီးလောင်ကျွမ်းမှုကြောင့် ကားနှင့်ဆီ စုစုပေါင်းတန်ဖိုး (၅၀၉၀၀၀၀၀ိ/-)သိန်းကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။

 

ိ်ျ

 

အဆိုပါမီးလောင်ရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးဝင်းဇော်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးမြင့်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရေသယ်ယာဉ်()စီး၊ မီးသတ်ယာဉ်()စီးနှင့် ကျေးရွာနေပြည်သူများ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ဝိုင်းဝန်းငြိမ်းသတ်ကြရာ နံနက်()နာရီတွင် မီးလုံးဝငြိမ်းသွားခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားပေါ့ဆစွာ မောင်းနှင်သော ယာဉ်မောင်းဇေယျာအောင်အား မုဒုံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)