မုဒုံ ၂၂ အောက်တိုဘာ
မွန်ပြည်နယ် မုဒုံမြို့နယ် ကွမ်တာကျေးရွာအနီး စည်ပင်တိုးဂိတ်နား မိုင်တိုင် အမှတ် (၁၅/၀) နှင့် (၁၅/၁) တံတားအမှတ် (၂/၁၅)ကြားတွင် ယနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်က ကား(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
အဆိုပါ ကားမီးလောင်မှုဖြစ်စဥ်မှာ ရေးမှ ရန်ကုန်ဘက်သို့ ယာဥ်မောင်း ကျော်ကျော်အောင် မောင်းနှင်လာသော HINO PROFIA အမျိုးအစား၊ ဖြူ/ပြာရောင် (၁၂)ဘီး ကုန်တင်ယာဥ်သည် ရာဘာထင်းတုံးများ တင်ဆောင်ကာ မောင်းနှင်လာစဥ် ယာဥ်၏ ဝဲဘက်အနောက်တာယာ အပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်၍ တာယာ(၁)လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကားမီးလောင်ရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဥ်(၃)စီး၊ ရေသယ်ယာဥ်(၁)စီး၊ သန္ဓေ(၁၀)ဦး၊ အရန်မီးသတ်(၁၅)ဦးနှင့် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များက ဝိုင်းဝန်းမီးငြှိမ်းသတ်ကာ (၃)နာရီခွဲတွင် မီးလုံးဝငြှိမ်းခဲ့သည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ ယာဥ်မောင်းကို မုဒုံမြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သတင်းရရှိသည်။
အောင်မျိုးသူ(ပြန်/ဆက်)