မုဒုံ ဖေဖော်ဝါရီ ၅

 

မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက် မော်သံလမ်းမကြီး စိန်ချယ်လမ်းတွင် ဖေဖော်ဝါရီ ၄ ရက် နံနက် ၈ နာရီ ၄၀ မိနစ်ခန့်က လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားသည်။

 

ဖြစ်စဉ်မှာ ဆိုင်ပိတ်ထားချိန် ဆိုင်အတွင်းသွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများ အပူလွန်ကဲပြီး အနီးရှိ ဗီနိုင်းစများအား မီးကူးစက်လောင်ကျွမ်းခဲ့ရာ အလျား (၁၀)ပေ၊ အနံ(၁၅)ပေ၊ အမြင့် (၁၃)ပေရှိ ပီဇာမုန့်ဆိုင်တစ်ဆိုင် မီးလောင်ဆုံးခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ မိနစ် ၅၀ ခန့်တွင် မီးငြိမ်းခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

 

အောင်မျိုးသူ (ပြန်/ဆက်)