မုဒုံ ၁၅ ဇွန်
မုဒုံမြို့နယ်တွင် နေအိမ်ပြင်ပသို့သွားလာပါက နှာခေါင်းစည်းတပ်ဆင်ရန် ဇွန်လ ၁ ရက်နေ့မှ စ၍ ၇ ရက်နေ့ထိ နှာခေါင်းစည်းများ ဝေငှလှုံ့ဆော် အသိပညာပေးခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၃၀-၅-၂၀၂၀) ရက်စွဲပါ အမိန့်ညွှန်ကြားချက်အရ အသိပညာပေး ကာလနောက်ပိုင်း နှာခေါင်းစည်းမတပ်ဘဲ နေအိမ်ပြင်ပသို့ သွားလာသူများအား ယနေ့ နံနက် ၉ နာရီမှ စတင်ကာ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေနှင့်အညီ ဒဏ်ငွေရိုက်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင် ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များတို့က ပူးပေါင်း၍ နှာခေါင်းစည်းမတပ်ဆင်ဘဲ နေအိမ်ပြင်ပသို့ သွားလာသူ စုစုပေါင်း ၃၀ ကို ဒဏ်ငွေ ငွေကျပ် ၃၀၀၀ စီဖြင့် အရေးယူဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း(၂)ခုပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


