မုဒုံ အောက်တိုဘာ ၂၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ယနေ့ နံနက် ၉ နာရီက မုဒုံမြို့နယ် ကမာဝက်မြို့ စိန်တောင်ရပ်ကွက်၌ ဒေသခံပြည်သူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးရာ ကမာဝက်မြို့စိန်တောင်ရပ်ကွက်ရှိ ဒေသခံပြည်သူ (၃၀၀)ဦးကျော်ကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ (၂)ရက်ကြာ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခဲ့သည်။
မုဒုံမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရမည့် လူဦးရေ (၂၂၂၄၈)ဦး လျာထားကြောင်း ၂၀၂၁ ခုနှစ် မေ ၃ ရက်နေ့မှ သတ်မှတ်ကာလအထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူးရုံးထံမှ သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


