မုဒုံ နိုဝင်ဘာ ၂၆

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း   လေ့ကျင့်ပျိုးထောင်ရေး စင်တာ (Incubation Center) တွင် သဘာဝချည်ဆိုးဆေး သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်  ၉ နာရီက ဖွင့်လှစ်ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မုဒုံမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက  သဘာဝဆိုးဆေးနည်းပညာများ ပြန့်ပွားလာစေရန်၊ လုပ်ငန်း စတင်လုပ်ကိုင်လိုသူများ ကိုယ်ပိုင်လုပ်ငန်း တည်ထောင်နိုင်သည်အထိ လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် အသေးစားစက်မှု၊ လက်မှုလုပ်ငန်း သစ်များဖြစ်ပေါ်လာစေပြီး ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရန်  ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းကို မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သဘာဝဆိုးဆေး နည်းပညာကို စိတ်ပါဝင်စားသည့် သင်တန်းသား (၅)ဦးတို့အား သင်တန်းနည်းပြနှစ်ဦးက နိုဝင်ဘာ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)