မုဒုံ    ၂၅  ဧပြီ

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ကျေးရွာအများတွင် နွေရာသီကာလတွင် သောက်သုံးရေပြတ်လပ်မှုနှင့် နှစ်စဉ်ကြုံတွေ့ လျက်ရှိရာ အဆိုပါ သောက်သုံးရေလိုအပ်မှုကို ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက ရပ်ကွက်/ကျေးရွာ များ၌ ဖွဲ့စည်းထားသည့် ရေလှူကားများဖြင့်  ပို့ဆောင်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

 

မုဒုံမြို့နယ် မေတ္တာစံအိမ် ပရဟိတအသင်း အတွင်းရေးမှူး ကိုလတ်က “နိုင်လှုံကျေးရွာ၊ အခွန်ကျေးရွာ၊ တော်ကူးကျေးရွာ၊ တံခွန်တိုင်ကျေးရွာများသို့ နေ့စဉ် ရေဂါလံ(၆၄၀၀)ခန့် သွားရောက်လှူဒါန်းနေပါတယ်၊ အခြားပရဟိတအသင်းများကလည်း သောက်သုံးရေရှာပါးသည့် အခြားကျေးရွာများသို့ နေ့စဉ် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးနေပါတယ်” ဟု ပြောသည်။ 

 

နိုင်လှုံကျေးရွာတွင် အိမ်ခြေ (၈၀၀)၊ လက်တက်ကျေးရွာတွင် အိမ်ခြေ(၄၀၀) တို့က ပြီးခဲ့သောမတ်လကစပြီး သောက်သုံးရေရှားပါးမှုပြဿာနာကို ကြုံတွေ့နေရကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)