မုဒုံမြို့နယ်တွင် တစ်ကိုယ်ရည်ကာကွယ်ရေးဝတ်စုံ စနစ်တကျ ဝတ်ဆင်နိုင်စေရန် လက်တွေ့သင်ကြား

မုဒုံ     ၂   ဧပြီ       

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်နိုင်စေရန် တစ်ကိုယ်ရည်ကာကွယ်ရေး ဝတ်စုံကိုစနစ်တကျ ဝတ်ဆင်နည်း၊ ချွတ်နည်း၊ M-95 တပ်ဆင်နည်း များကိုယမန်နေ့  မွန်းလွဲ ၂ နာရီက မုဒုံမြို့နယ်ဆေးရုံဝင်းအတွင်းရှိ သံဃာဆောင်၌ စနစ်တကျလက်တွေ့ သင်ကြားပို့ချပေးခဲ့သည်။
 
အဆိုပါသင်ကြားပို့ချမှုအား မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့်မုဒုံမြို့ပေါ်ရှိ အရပ်ဘက်လူမှုရေး အသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ တက်ရောက်ကြရာ ကိုဗစ်-၁၉ ကူးစက်ရောဂါလူနာများနှင့် သံသယလူနာများတို့ကို ကိုင်တွယ်၍ သက်ဆိုင်ရာ ဆေးရုံများသို့ပို့ဆောင်ရာတွင် ရောဂါကာကွယ်နိုင်ရန် ကူးစက်မှုမရှိစေရန် ရည်ရွယ်၍ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာမြင့်သိန်းဦးနှင့် ဝန်ထမ်းများ၊ သူနာပြု ဆရာမများတို့ကစနစ်တကျ လက်တွေ့သင်ကြားပြသပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)