မုဒုံ ၁၆ မတ်    

  

မွန်ပြည်နယ်၊ မုဒုံမြို့နယ် အ.ထ.က (၂)မုဒုံ စာစစ်ဌာန၌ စာမေးပွဲဖြေဆိုမည့် ကျောင်းသား မောင်ဇေယျာထူး (ပြင်ပဖြေ) သည် စာမေးပွဲလာရောက်ဖြေဆိုစဉ် စာမေးပွဲဖြေဆိုခွင့်ကတ် မေ့ကျန်ခဲ့သဖြင့် အဆိုပါကျောင်း၌ တာဝန်ကျယာဉ်ထိန်း ရဲတပ်ကြပ်ကြီး အောင်စည်သူထွန်းမှ ရှေ့ပြေးဆိုက်ကယ်ဖြင့် မြို့မ(၁)ရပ် ပညာရိပ် မွန်ဘော်ဒါဆောင်သို့ စာမေးပွဲဖြေဆိုချိန်မီ သွားရောက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

မုဒုံမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန(၄)ခု ဖြေဆိုလျက်ရှိရာ အမှတ် (၇၇) ယာဉ်ထိန်းတပ်ဖွဲ့စိတ်(မုဒုံ) ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် မြို့ပေါ်ကျောင်း တစ်ကျောင်းလျှင် ယာဉ်ထိန်းရဲတပ်ဖွဲ့(၂)ဉီးနှုန်းဖြင့် အနီးကပ်တာဝန်ချထားကြောင်း တပ်ဖွဲ့စိတ်မှူး ရဲအုပ်အေးမင်းသန်း ထံမှ သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)

 

၁၂၄၅၆၈၆၅၄