မုဒုံ  ၂၃   မတ်   

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက်ရှိ ရွှေဟင်္သာ ဈေးအရှေ့၊ ဈေးအတွင်းရှိ ဈေးတန်းတို့တွင် ယမန်နေ့မွန်းလွဲ ၂နာရီ က  ဈေးသူဈေးသာများ၊ ရပ်ကွက်နေပြည်သူများ၊ ခရီးသွား ဧည့်သည်များအား ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် အရပ်ဘက် အသင်းအဖွဲ့ များ ပြည်သူများ၊ ပရဟိတအသင်းအဖွဲ့များ၊ လူနာတင်ယာဉ်အသင်းအဖွဲ့များ စုပေါင်း၍ လက်ဆေးစင်များ ပြုလုပ်ကာ ဆောင်ရွက်ပေးခဲ့သည်။

 

158

       

အဆိုပါ ရွှေဟင်္သာဈေးသည် နေ့စဉ်လူစည်ကားလျက်ရှိသည့်အတွက် COVID-19ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် လက်ဆေးစင်များ ပြုလုပ်၍ နေ့စဉ်ပြည်သူများ သွားလာလှုပ်ရှားနေကြကာ အထိရောက်ဆုံး ကာကွယ်နည်းတစ်ခုဖြစ်သည့် လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောပြီး သွားလာလှုပ်ရှားနိုင်ကြရန် ဆောင်ရွက်ပေးခဲ့သည်။

 

295

 

ထို့နောက် မြို့မဈေး၊ ရပ်ကွက်အခွန်လွတ်ဈေးနှင့် လူစည်ကားရာ နေရာတို့တွင် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ မြို့နယ်အတွင်းရှိ အချက်ချာကျသောနေရာများတွင် အသိပညာပေးနံရံကပ် စာစောင်များ ၊ ပိုစတာများတို့ကို မြေစိုက်ဘုတ်တို့ဖြင့် စိုက်ထူခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)