ရန်ကုန် ၁၀ သြဂုတ်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်နှင့် USAID – PRLM တို့ ပူးပေါင်းကျင်းပသည့် မှုခင်းခြေရာကောက်စနစ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး သင်တန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်စန္ဒာသွယ် က အမှာစကားပြောကြားပြီး ရန်ကုန်အနောက်ခရိုင်တရားသူကြီး ဒေါ်ချိုချိုမာက မှုခင်း စီမံခန့်ခွဲမှုအစီအစဉ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော်မှ ညှိနှိုင်းရေးမှူး ဒေါ်နန်းသင်းသင်းဆွေက တရားရုံးအခြေခံ စည်းမျဉ်းများကို ရှင်းလင်းပြောကြားကြသည်။
သင်တန်းသို့ ရန်ကုန်နောက်ပိုင်းခရိုင်တရားရုံးမှ ဒုတိယဦးစီးမှူးများနှင့် တရားရုံး ဝန်ထမ်းများ စုစုပေါင်း ၃၆ ဦး တက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)


