မြောင်းမြ ၂၀ ဇူလိုင်   


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ သဇင်ကုန်းကြီးကျေးရွာအုပ်စု၊ သဇင်ကုန်းကြီးကျေးရွာ ဘုရားကျောင်းတွင် ဇူလိုင် ၂၀ ရက် နံနက် ၁၀ နာရီက မြောင်းမြခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ဝေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ဝင်းဌေးနှင့် မြို့မစခန်းမှူး ဒုရဲမှူးကျော်စိုးထွန်းတို့က မှုခင်းကြိုတင်ကာကွယ်ရေးနှင့် သက်ငယ်မုဒိမ်း မဖြစ်ပွားရေး အသိပညာပေး ဟောပြောခဲ့သည်။


ဟောပြောပွဲတွင် ရဲတပ်ဖွဲ့၏ မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းများအကြောင်းနှင့် သက်ငယ်မုဒိမ်းမှုများ မဖြစ်ပွားရေး၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။


အောင်မင်း(မြောင်းမြ)

 

IMG-bc