မင်းဘူး ၁၆ ဇူလိုင်        
    

ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရန်နှင့် မှုခင်းများလျော့နည်းကျဆင်းစေရေးအတွက် ဇူလိုင်လ (၁၅)ရက်နေ့ ညနေ ၅  နာရီအချိန်က ဧရာဝတီတံတား(မကွေး) မင်းဘူးဘက်ခြမ်း၊ လမ်းတံတား အသုံးပြုခ ကောက်ခံရေးတိုးဂိတ်တွင် ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များအား ပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။

1


    

ထိုသို့ ပိတ်ဆို့ရှာဖွေစစ်ဆေးရာတွင် မင်းဘူး(စကု) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ ဒုမြို့နယ်ရဲမှူး ဒုရဲမှူး ကျော်ထွန်းဝင်း၊ မြို့နယ်လဝကဦးစီးမှူး ဦးမောင်းမာန်၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ဒုဦးစီးမှူး ဦးထန်းကွီး၊ မြို့နယ်သစ်တောဦးစီးဌာန တောခေါင်း ဦးမြင့်ဇော်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဇော်၊ အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုတပ်ကြပ်မင်းမင်းစိုး၊ ထောက်ရှာပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇင်မြင့်မောင် တို့ ပူးပေါင်းအဖွဲ့မှ မင်းဘူးမြို့နယ်အတွင်း တရားမဝင် ကူးသန်းရောင်းဝယ်မှု၊ အရပ်ဖက်မော်တော်ယာဉ်များတွင် ပြည်ထဲရေးတံဆိပ်/စာတန်းများနှင့် မြန်မာနိုင်ငံတံဆိပ်/ စာတန်းများ  တပ်ဆင်အသုံးပြု မောင်းနှင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ခြင်း ရှိ/မရှိနှင့် ခိုး/ဆိုး/ လု/နှိုက် အမှုများ မဖြစ်ပွားစေရေးအတွက် မော်တော်ယာဉ် (၅၂) စီး၊ မော်တော်ဆိုင်ကယ်(၈၀) စီး၊ စုစုပေါင်း (၁၃၂) စီးတို့အား ပိတ်ဆို့ စစ်ဆေးဆောင်ရွက်ခဲ့ရာ ထူးခြားဖြစ်စဉ်မရှိကြောင်း  သိရသည်။
    

မှုခင်းလျော့နည်းကျဆင်းရေးအတွက် ပိတ်ဆို့စစ်ဆေးခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။


မျိုးမြတ်(မင်းဘူး)

 

1