မုံးကိုး ၄ ဇွန်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မုံးကိုးမြို့ဈေးလမ်းဆုံ၌ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ညနေ ၄ နာရီက ဆောင်ရွက်သည်။
ထိုသို့ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်း၍ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း၊ ကျန်မာရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်တပ်ရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သန်းဇော်ဦး(ပြန်ဆက်)


