မုံးကိုး ၁၀ ဇန်နဝါရီ 

 

ရှမ်းပြည်နယ် မူဆယ်ခရိုင် မုံးကိုးမြို့ရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား ၁၃ ဦးအား  နိုင်ငံတော်မှ ချီးမြှင့်သည့် အမျိုးသားလူမှုရေးပင်စင်ငွေအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဌာနခွဲစာရေး ဦးနိုင်ထွန်မောင်က ယနေ့တွင် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

 

အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ငွေအား လစဉ် တစ်သောင်းကျပ် ချီးမြှင့်ပြီး သုံးလတစ်ကြိမ် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ပေးလျှက်ရှိကြောင်း သိရှိရပါသည်။

 

မုံးကိုး(ပြန်/ဆက်)

 

received_62583