ရွှေဘို ၂၇ ဇန်နဝါရီ

 

မုံရွာစက်မှုဇုန်ခွဲ(ရွှေဘို) တည်ဆောက်ရာတွင် ပါဝင်ခဲ့သည့် မြေယာများအတွက် လျော်ကြေးငွေပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ မုံရွာစက်မှုဇုန်ခွဲ(ရွှေဘို) စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

 

9952

 

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က မုံရွာစက်မှုဇုန်ခွဲ (ရွှေဘို)ကို ကွင်း(၄)ကွင်းရှိ မြေဧရိယာ (၂၈၈ ဒသမ ၁၂၂) ဧကပေါ်တွင် ၂၀ဝ၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး မြေကွက်(၃၅၁)ကွက် ဖော်ထုတ်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ အဆိုပါစက်မှုဇုန်တွင် လုပ်ငန်းပေါင်း (၁၈၆)ခုကို ရင်းနှီးမြှုပ်နှံမှု ကျပ် (၁၀၇၈၃ ဒသမ ၃၀) သန်းရှိပြီး လုပ်သားဦးရေ (၁၀ဝ၀)ကျော်ကို အလုပ်အကိုင် ပေးထားနိုင်ပါကြောင်း၊ စက်မှုဇုန်အတွင်း ပါဝင်ခဲ့သော မြေယာများအတွက် မြေယာသိမ်းဆည်းခံတောင်သူများထံ သင့်လျော်သောလျော်ကြေးငွေ ပေးအပ်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများ၊ စက်မှုဇုန် စီမံခန့်ခွဲရေး ပူးပေါင်းကော်မတီဝင်များ၊ မြေယာသိမ်းဆည်းခံ တောင်သူများနှင့် ညှိနှိုင်း၍ လယ်တစ်ဧကလျှင် ငွေကျပ်သိန်း ၅၀ နှင့် ယာတစ်ဧကလျှင် ငွေကျပ်သိန်း ၃၀ ဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း ပြောကြားသည်။

 

963.

 

ထို့နောက် စက်မှုဇုန်သိမ်းဆည်းရာတွင် လျော်ကြေးငွေပေးရန် ကျန်ရှိနေသော B;C Block အတွင်း လယ်ယာမြေဧရိယာ (၆၉ ဒသမ ၇၇)ဧကတွင် ပါဝင်သည့် တောင်သူ(၃၂)ဦးတို့ကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ လယ်မြေ (၅၀ ဒသမ ၂၀)ဧကအတွက် လျော်ကြေးငွေကျပ် ၂၅၁၀ သိန်းကိုလည်ကောင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူမှ ယာမြေ (၁၉ ဒသမ ၅၇)ဧကအတွက် လျော်ကြေးငွေကျပ် (၅၈၇ ဒသမ ၁)သိန်းကို လည်ကောင်း တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထွန်းမြင့်အောင် (ရွှေဘို)