မုံရွာ၊ ဧပြီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက စွန့်လွှတ်မြေပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များဖြစ်သော ဒုတိယဗိုလ်မှူးကြီး ထွန်းထွန်းဝင်းနှင့် ဦးသန့်ဇော်ထွန်း၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဥက္ကာ၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းခိုင်၊ မုံရွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မူလပိုင်ရှင် ဦးလူခင်တို့ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးက သိမ်းဆည်းခဲ့သည့် မြေနေရာအား မူလပိုင်ရှင်သို့ မြေပြန်လည်ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းအမှာစကားပြောကြားပြီး မူလပိုင်ရှင် ဦးလူခင်၏ မုံရွာမြို့ ဒေါနခြံရပ်ကွက်၊ ကွင်းအမှတ်နှင့် အမည် (၂၄-ထန်းတောစု(မ)ကွင်း)၊ ဦးပိုင်အမှတ်(၂)ရှိ မြေဧရိယာ သုည ဒသမ ၁၂၆ ဧကရှိ မြေနေရာအား လုပ်ထုံးလုပ်နည်းအညီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)