မုံရွာ ၅  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်း မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်အတွင်းရှိ တောင်တန်းများပေါ်တွင် တောင်တန်းစိုက်ခင်းဧက (၂၀ဝ)ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦး၏ ပြောကြားချက်အရ သိရသည်။

 

အပူပိုင်းဇုန်အတွင်းရှိ တောင်တန်းများ ပြန်လည်စိမ်းလန်းစိုပြည်စေရန်၊ မြေဆီမြေလွှာများ ပျက်စီး ဆုံးရှုံးမှုကို ထိန်းသိမ်းနိုင်ရန်နှင့် အပူရှိန်ကို လျှော့ချနိုင်ရန်အတွက် သစ်ပင်ပေါက်ရောက်မှု နည်းပါးသည့် နေရာများ၌ တောင်တန်းစိုက်ခင်းများကို တည်ထောင်စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တောင်တန်းစိုက်ခင်းများ တည်ထောင်မှုအဖြစ် မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် ဧက(၁၅၀)ကိုလည်းကောင်း၊ ချောင်းဦးမြို့နယ်တွင် ဧက(၅၀) စုစုပေင်း ဧက(၂၀ဝ)ကို အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မိုးရာသီတွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)