မုံရွာ ၈  ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်ပ ပြန်များနှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ခရိုင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများကို Community Base Facility Quaratine၊ Home Quaratine နှင့် Facility Quaratine Center  တို့ဖြင့် စောင့်ကြည့်လျက်ရှိရာ ဇွန်လ (၇) ရက်နေ့အထိ (၅၂၈)ဦးရှိကြောင်း မုံရွာခရိုင်စီမံခန့်ခွဲမှုကော်မတီရုံးမှ သိရသည်။

 

မုံရွာခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်ရှိ Quaratine (၃)မျိုးမှ ရက်ပြည့်မြောက်သဖြင့် ပြန်လည်စေလွှတ်မှု အနေဖြင့် မုံရွာမြို့နယ်အတွင်းမှ (၈၇၃)ဦး၊ ချောင်းဦးမြို့နယ်အတွင်းမှ (၁၆၉၁)ဦး၊ ဘုတလင်မြို့နယ်အတွင်းမှ (၁၄၅၀)နှင့် အရာတော်မြို့နယ်အတွင်းမှ (၁၂၂၄)ဦးတို့ဖြစ်ကြောင်း မုံရွာခရိုင်စီမံခန့်ခွဲမှုကော်မတီရုံး၏ မှတ်တမ်းများအရ သိရသည်။

 

“ခရိုင်အတွင်းက ပြည်သူတွေ ကိုဗစ်-၁၉ရောဂါကို တားဆီးကာကွယ်နိုင်ဖို့အတွက် ပြည်ပပြန် တွေကို Quaratine သုံးမျိုးနဲ့ စောင့်ကြပ်ကြည့်ရှုခြင်းဖြစ်ပါတယ်၊ အခုအထိတော့ ထူးခြားမှုမရှိဘူး ပုံမှန် အခြေအနေပဲရှိနေတယ်၊ ပြည်သူတွေအနေနဲ့ကလည်း အပြင်ထွက်ကြတယ်ဆိုရင် Mask တွေမဖြစ်မနေ တပ်ဆင်သွားလာကြဖို့၊ လက်ဆေးကြဖို့ပြောချင်တယ်” ဟု မုံရွာခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက ပြောသည်။

 

ပြည်ပပြန်များနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ မုံရွာခရိုင်အတွင်းသို့ ပြန်လည် ဝင်ရောက်လာသူများကို စောင့်ကြည့်မှုအနေဖြင့် ကိုဗစ်-၁၉ရောဂါ စတင်ဖြစ်ပွားချိန်မှ ဇွန်လ(၇)ရက်နေ့အထိ (၅၇၆၆)ဦးရှိရာ Quaratine ရက်များပြည့်မြောက်ပြီး ပြန်လည်စေလွှတ်မှုအနေဖြင့် (၅၂၃၈)ဦး ရှိကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)

 

mdn