မုံရွာ ဧပြီ ၅
၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ရှိ မုံရွာ၊ ချောင်းဦး၊ ဘုတလင်နှင့် အရာတော်မြို့နယ်တို့မှ စာစစ်ဌာနအသီးသီးတွင် ဧပြီ ၅ ရက်က ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ဆက်လက်ဖြေဆိုခဲ့ကြသည်။
မုံရွာခရိုင်အနေဖြင့် မုံရွာမြို့နယ်တွင် စာစစ်ဌာနနှစ်ခု၊ ဘုတလင်မြို့နယ်၊ ချောင်းဦးမြို့နယ်နှင့် အရာတော်မြို့နယ်တို့တွင် စာစစ်ဌာန တစ်ခုစီ စုစုပေါင်း စာစစ်ဌာန ငါးခုတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၉၇၈ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာ ဖြေဆိုသည့်ရာခိုင်နှုန်း ၈၀ ဒသမ ၇၆ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)