မုံရွာ  ၂၂  ဧပြီ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ လူငယ်ရေးရာကော်မတီက စီမံခန့်ခွဲသည့် “လူငယ်စင်တာ” အဆောက်အဦတွင် သာမန်ဖျားနာသည့် လူနာများကို ကုသရန်အတွက် ဆေးခန်းဖွင့်လှစ်နိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက လာရောက်ကြည့်ရှုသည်။

ယခုအခါ ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးခန်းငယ်များမှာ ဖွင့်လှစ်ခြင်းမရှိသဖြင့် သာမန်ဖျားနာသည့် လူနာများက ဆေးရုံများသို့ သွားရောက်ပြသရန် မဝံ့ရဲကြသောကြောင့် ယခုကဲ့သို့ သာမန်ဖျားနာ လူနာဆေးခန်းကို ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဆေးခန်းကို တစ်ပတ်လျှင် ခြောက်ရက် အချိန်ပိုင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များကို ထပ်မံကြေညာ ပေးမည်ဖြစ်ပါကြောင်း လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးဝေမိုးနိုင်ထံမှ သိရှိရသည်။

မွှေးကြူဇင်