မုံရွာ ဇူလိုင် ၄

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်သော တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်းကာ မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်ရှိ ဗန္ဒုလဈေးတွင် ယနေ့နံနက်ပိုင်းက စားသုံးသူပြည်သူများအတွက် ပေါ်ဆန်း‌မွှေးဆန်၊ ဧရာမင်းဆန်နှင့် ဧည့်မထဆန်များကို သတ်မှတ်အခြေခံဈေးနှုန်းတို့ဖြင့် ရောင်းချပေးကြောင်း သိရှိရသည်။

 

ဆန်များရောင်းချပေးရာတွင် စနစ်တကျရောင်းချနိုင်ရေးအတွက် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဦးဆောင်သော တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၅၈၀၀ ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၄၂၀၀ ကျပ်၊ ဧည့်မထဆန် တစ်ပြည် ၂၈၀၀ ကျပ်တို့ဖြင့် ရောင်းချပေးသည်။ တစ်ဦးလျှင် စုစုပေါင်း ၂ ပြည်နှုန်းဖြင့် လူဦးရေ ၉၀၀ ကျော်ကို ရောင်းချပေးခဲ့ရာ ရွှေဘိုပေါ်ဆန်းဆန် ၁၀ အိတ်၊ ဧရာမင်းဆန် ၂၀ အိတ်၊ ဧည့်မထဆန် ၂၀ အိတ် စုစုပေါင်းဆန်အိတ် (၅၀)ကို စားသုံးသူပြည်သူများ လက်ဝယ် ရောင်းချပေးနိုင်ခဲ့သည်။

 

အလားတူ စားသုံးသူပြည်သူများအတွက် စားသုံးဆီများကိုလည်း သတ်မှတ်ဈေးနှုန်းနှင့်အညီ တစ်ဦးလျှင် တစ်ပိသာနှုန်းဖြင့် စုစု​ပေါင်းဆီပိသာ ၃၃၀ ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများ၊ ဈေးရောင်း ဈေးဝယ်များက စနစ်တကျ ဝယ်ယူအားပေးခဲ့ကြကြောင်း သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)